၁၈ ဒီဇင်ဘာ

 

 

ကျူးဘား သမ္မတ မင်ဂူရယ် ဒီရေ့- ကန်နယ် က အမေရိကန် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေကြောင်း ကြာသပတေးနေ့က ပြောဆိုလိုက်ပါတယ်။

 

 

သမ္မတက ကျူးဘားရဲ့ အချုပ်အခြာအာဏာ၊ တော်လှန်ရေးနဲ့ ဆိုရှယ်ဝါဒနဲ့ ပတ်သက်တဲ့ ညှိုနှိုင်းမှုနဲ့ လိုက်လျောပေးဖို့ မလုပ်နိုင်ပေမယ့် အမေရိကန် ရွေးကောက်ခံသမ္မတ ဘိုင်ဒင်နဲ့ ဘာကိစ္စမဆို ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေကြောင်း  ၂၀၂၀ ခုနှစ်ရဲ့ လွှတ်တော် ပိတ်သိမ်းခြင်း အခမ်းအနားမှာ ပြောပါတယ်။

 

 

ကျူးဘား သမ္မတက ဖော်ပြပါ အချက်တွေဟာ မူဝါဒဖြစ်တဲ့အတွက် ဆွေးနွေးပွဲ စားပွဲဝိုင်းကို ဘယ်တော့မှ ရောက်မှာမဟုတ်ကြောင်း ထပ်လောင်း ပြောကြားပါတယ်။

 

 

ဘိုင်ဒင်ကလည်း ကျူးဘားနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒကို ပြောင်းမယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ပြောကြားခဲ့ဖူးကြောင်း သိရပါတယ်။

 

mdn

 

 

နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဘိုင်ဒင်အနိုင်ရပြီးနောက် နှစ်နိုင်ငံကြားမှာ ဆက်ဆံရေး လမ်းကြောင်းသစ်တွေ တည်ဆောက်ရေး ရောင်နီကို မြင်ကြောင်း သမ္မတ ဒီရှေ့- ကန်နယ်က ပြောခဲ့ဖူးပါတယ်။

 

 

ဘိုင်ဒင်က ထရမ့်ရဲ့ ကျူးဘားကို ခရီးသွားလာခြင်းနဲ့ တခြားတားမြစ်ချက်တွေကို ဖယ်ရှားမယ်။ အဲဒီ အကန့်အသတ်တွေဟာ ကျူးဘား မိသားစုတွေကို ကြေကွဲဝမ်းနည်းစရာတွေ ဖြစ်နေတဲ့အတွက် ဖယ်ရှားပေးမှာဖြစ်ကြောင်း ဒါပေမယ့် နိုင်ငံရေး အကျဉ်းသမား အားလုံးလွှတ်ပေးရေးနဲ့ လူအခွင့်အရေး တန်းတူညီမျှပေးရေးတို့ကိုတော့ တောင်းဆိုမယ်လို့ ပြောခဲ့ပါတယ်။

 

 

ဒီရေ့-ကန်နယ်က ရာဟူးကတ်စရို (အသက် ၈၉ နှစ်) ထံမှ သမ္မတရာထူးကို ၂၀၁၈ ခုနှစ်မှာ ပြောင်းလဲ ရယူခဲ့သူ ဖြစ်ပါတယ်။ ရာဟူးကတ်စရို ဟာ အစ်ကိုဖြစ်သူ ဖီဒယ်ကတ်စရိုထံမှ သမ္မတရာထူးကို ၂၀၀၆ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ ရယူခဲ့ပါတယ်။  ကျူးဘားတော်လှန်ရေးသမား ဖီဒယ်ကတ်စရို ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

 

 

MDN

ကိုးကား - AFP

 

mdn