မကွေး၊ ၁၈ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်ဦးစီးဌာနမှူး ဦးတင်ထွန်း၊ ပွင့်ဖြူမြို့နယ် ဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်း၊ ပွင့်ဖြူစခန်းတာဝန်ခံ ဦးဉာဏ်ဝင်းနှင့်ဝန်ထမ်းများ ပူးပေါင်း၍ ဒီဇင်ဘာ ၁၈ ရက်က စလင်းမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ငါးဖမ်းဆီးမှုများ မရှိစေရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ရေးရာတွင် တင်ဒါပိုက်ချက်များ စစ်ဆေးခြင်း၊ သတ်မှတ်ထားသော ပိုက်ကွက်များဖြင့် ငါးဖမ်းဆီးခြင်း ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
MDN