လှိုင်းဘွဲ၊ ၁၉ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ဆောင်ရွက်နေသော ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၁၈ ရက်က လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြန်ထောင်စုရန်ပုံငွေကျပ် ၁၉၀.၈၄၂ သန်းဖြင့် မြိုင်ကြီးငူ အထူးဒေသ၊ ယခင်စစ်မှုထမ်းဟောင်းရွာ (သစ္စာအေးမြိုင်)ရွာ ကတ္တရာလမ်း ပေ ၆၀၀၀ ခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီက နိုဝင်ဘာ ၂၅ ရက်မှစတင်၍ လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူ ၁၆၂၄၁ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် လမ်းပန်းဆက်သွယ်ရေးလည်း ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


