ပင်လောင်း၊ ၁၉ ဒီဇင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဒီဇင်ဘာ ၁၈ ရက်က ထီပေါင်းကျေးရွာအုပ်စု ပြင်သာကျေးရွာ၏အရှေ့ဘက် သုံးမိုင်ခန့်တွင် တရားမဝင်စိုက်ပျိုးထားသော ဘိန်းခင်းဧက (၁၀၀)ခန့်အား တာဝန်ရှိသူများက ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဘိန်းခင်းများဖျက်ဆီးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် အလုပ်အမှုဆောင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ဇော်ဌေးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်အောင်နှင့် ပူးပေါင်းအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့နယ်တွင် နိုဝင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ဘိန်းခင်း ၁၈၂၇ ဧက ဖျက်ဆီးခဲ့ပြီး ကျန်ရှိသည့် ဘိန်းခင်းများကိုလည်း ဆက်လက်ရှာဖွေ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


