နတ်မောက်၊  ၁၉  ဒီဇင်ဘာ

 

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဆုံမကြီးပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ Steel Structure တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ တစ်ထပ်ကျောင်းဆောင်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် သိန်း ၅၅၃ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀ ရှိ (Steel Structure ) တစ်ထပ်ကျောင်းဆောင် အမျိုးအစားဖြစ်ကာ တင်ဒါအောင်မြင်သည့် နေခြည်လင်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

 

လှဝင်း (နတ်မောက်)