ဟားခါး၊ ၁၉ ဒီဇင်ဘာ  

ဟားခါးမြို့ပေါ်တွင် ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာ ၁၉ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ အနိမ့်ဆုံးအပူချိန် အနုတ် ၄.၇ ဒီဂရီစင်တီဂရိတ် ရှိ၍ ရေခဲခြင်းအထိ အအေးပိုကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။

 

“ကျွန်မတို့ မနက်အစောကြီး စျေးထွက်ရောင်းရတယ်၊ မနက် အရမ်းအေးလာတော့ အနွေးထည်တွေ၊ စောင်တွေခြုံရတယ်၊ အခက်အခဲတော့ရှိပါတယ်၊ ဒါပေမယ့် စျေးထွက် မရောင်းရင်လည်း မရဘူးပေါ့”  ဟု မနက်စျေးရောင်းသည့် စျေးသည်တစ်ဦးက ပြောပြခဲ့ပါတယ်။

 

ဟားခါးမြို့ပေါ် ရပ်ကွက်များတွင် ရေခဲခြင်း၊ နှင်းရည်ခဲခြင်းများအထိ အအေးပိုသောကြောင့် နံနက်စျေးရောင်း၊ စျေးဝယ်သည့် ပြည်သူများအနေဖြင့် အခက်အခဲများကြုံတွေ့ နေရကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)