နန်းယွန်း၊  ၁၉  ဒီဇင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ၁၃ ဒသမ ၇၁၀ ကျပ်သန်းဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်  ရောင်ကွန် - ကြူယမ်းလမ်း (၁/၀) မိုင်  လမ်းတာချဲ့ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေအား  နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများက  ဒီဇင်ဘာ ၁၈ ရက်တွင်  မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်  ဆောင်ရွက်ပေးသော ရောင်ကွန် - ကြူယမ်းလမ်းပြီးစီးသွားပါက နန်းယွန်းမြို့နယ်၊ ရောင်ကွန် - ကြူယမ်းလမ်းပေါ်ရှိ ကျေးရွာ ၁၅ ရွာ လူဦးရေ ၁၀၀၃၄ ဦး၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး  ဒေသ၏ပညာရေး၊ စီးပွားရေး၊ လူမှုရေးများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း သိရှိရသည်။ 

မွှေးကြူဇင်