ရန်ကုန်၊ ၁၉ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အပြင်ပဒံကျေးရွာ ရွှေသံလွင်စက်မှုဇုန် ရွှေသံလွင် (ကျူး) သံလွင်လမ်းနှင့် မင်းဧရာလမ်းထောင့်ရှိ မြေကွက်အမှတ် (၇၄) မြေတိုင်းအမှတ် (၁၄) Myanmar Liang Yida အထည်ချုပ်စက်ရုံမှ အလုပ်သမား အမျိုးသား ၈၀ ၊ အမျိုးသမီး ၁၀၅ ဦးဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိရာ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စီးပွားရေး အခက်အခဲကြောင့် အလုပ်သမား အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၂၂၆ ဦး စုစုပေါင်း အလုပ်သမား ၃၁၅ ဦးအား ယနေ့ နံနက်ပိုင်းက လုပ်သားအင်အား လျှော့ချရန်တွက် အလုပ်မှရပ်ဆိုင်းခဲ့သည်။
အလုပ်မှ ရပ်ဆိုင်းခဲ့သည့် အလုပ်သမား ၃၁၅ ဦးအား လုပ်ခလစာ လုပ်သက်အလိုက် နစ်နာကြေး၊ Notice ကြေးတို့အား တည်ဆဲဥပဒေပါ ခံစားခွင့်များနှင့်အညီ ပေးချေသွားမည်ဖြစ်ကြောင်း စက်ရုံ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ အလုပ်မှရပ်ဆိုင်းခံရသည့် အလုပ်သမားများကလည်း စက်ရုံပြင်ပ လမ်းမဘေးတွင် ငြိမ်းချမ်းစွာ စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)


