ထီးချိုင့်၊ ၁၉ ဒီဇင်ဘာ
ရေဆင်း (၆) ပဲပုတ်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ကမ်းနီနည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကမ်းနီနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံ ဒေါ်မေမီလင်း၊ တွဲဘက်တာဝန်ခံနှင့် စိုက်ပညာနယ် ဝန်ထမ်းများက တောင်သူများအား ပဲပုတ်စိုက်ပျိုးနည်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းနိုင်ရေး နည်းပညာပေး ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပြီး မျိုးအရည်အချင်း လက္ခဏာများ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကာ မြို့နယ်စိုက်ပညာဝန်ထမ်းများမှ ရေဆင်း (၆) ပဲပုတ်စိုက်ပျိုးခြင်းကို လက်တွေ့ပြသ စိုက်ပျိုးပေးခဲ့ ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)


