ဟားခါး၊ ၁၉ ဒီဇင်ဘာ
ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ဒီဇင်ဘာ ၁၈ ရက်က အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒေါက်တာ ဇိန်လှောင်ဆုန်(ဓာတ်မှန်အထူးကုဆရာဝန်ကြီး) မိသားစုမှ ငွေကျပ်(၅)သိန်းနှင့် Shine (အထူးကုဆေးခန်းနှင့် ဆေးဆိုင်)မှ ငွေကျပ်(၂)သိန်း စုစုပေါင်း ငွေကျပ်(၇)သိန်းကို ဟားခါးပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပေးအပ်လှူဒါန်းရာ ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေများနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


