နေပြည်တော်၊  ၁၉  ဒီဇင်ဘာ 

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်နံ နက်  ၁၁ နာရီ ၄၅ မိနစ်တွင် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်နေ မင်းနောင်၏နေအိမ်ကို ဝင် ရောက် ရှာဖွေရာ မင်းနောင်နှင့်အတူ ထိန်လွန် အားတွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို ကိုလည်းကောင်း၊

ထို့အတူ ယင်းနေ့ ည ၈ နာရီတွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များသည် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ မိုးမိတ်-တွင်းငယ်သွားကားလမ်း၊ ကီလိုမီတာတိုင်အမှတ်(၁၉/၅)အနီးတွင် စိုးပြည့်စုံမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၇၅ ပြားကိုလည်းကောင်း၊

အလားတူ ယင်းနေ့ည  ည ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မိုင်းဖြတ်မြို့နယ်၊ ကျိုင်းတုံ-မိုင်းဖြတ်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၇၀၈) အနီး တွင် ဆပ်ပါ မောင်းနှင်လာသောမော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,၀၀၀ ကိုသိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)