မြိတ်၊ ၂၀ ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ လွတ်လွတ်ကျေးရွာအနီး၌ ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ယာဉ်တန်းတွင် လုံခြုံရေးအဖြစ်လိုက်ပါလာသည့် ရဲတပ်ဖွဲ့ပိုင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ယာဉ်တန်းတွင် လုံခြုံရေးအဖြစ် လိုက်ပါလာသည့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်သည် လွတ်လွတ်ကျေးရွာအနီး မိုင်တိုင်အမှတ် 474/Km နှင့် 475/Km ကြားအရောက်တွင် တစ်ဖက်ယာဉ်ကြော မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား ရှောင်တိမ်းရာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် ခြောက်ဦး (မစိုးရိမ်ရ)နှင့် ရုံးဝန်ထမ်း တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ကြကြောင်းနှင့် ဒဏ်ရာရရှိသူများအနက်မှ ရဲတပ်ဖွဲ့ဝင် သုံးဉီးတို့သည် ဆေးရုံတက် ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်လေးဦးမှာ ပြင်ပလူနာအဖြစ် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)