နေပြည်တော်၊  ၂၀  ဒီဇင်ဘာ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ  ၂ နာရီ ၅၅ မိနစ်တွင် ကွမ်းလုံမြို့နယ်၊ ကန်မိန်း ကျေးရွာအုပ်စု၊ ကန်မိန်းကျေးရွာနေ မနန်းလူ၏ နေအိမ်အား ရှာဖွေရာ ဘိန်းစိမ်း သုည ဒသမ ၂၅ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄,၀၀၀  သိမ်းဆည်းရမိခဲ့သဖြင့် မနန်းလူ(၄၇)နှစ်အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)