ပုသိမ်ကြီး၊ ၂၀ ဒီဇင်ဘာ
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်ချောကျေးရွာရှိ စားဝတ်နေရေးခက်ခဲ့သည့် အိမ်ထောင်စု (၁၀ဝ၀)ကျော်အား အခြေခံစားသောက်ကုန် လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုကို အုန်းချောရွာနေ ဦးမောင်မြင့်၊ ဒေါ်တွတ် မိသားစုမှ လှူဒါန်းခြင်းဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် ဆန် (၅)ပြည်၊ ဆီတစ်ဘူး၊ ကြက်ဥ(၁၀)လုံး၊ ငါးသေတ္တာဘူး (၁)ဘူးတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
တိမ်တမန်


