နေပြည်တော်၊ ၂၀ ဒီဇင်ဘာ
နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ချောင်းမငယ်ရေလှောင်တမံနှင့် ဆည်ရေသောက် စနစ်အတွင်း တမံကြံခိုင်မှုအတွက် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ တမံအတွင်းရေသိုလှောင်ထားရှိမှု၊ နွေစပါးစိုက်ပျိုးရေ အဆင်ပြေစွာ ပေးနိုင်ရေးအတွက် ရေပေးတူးမြောင်းများ ပြင်ဆင်ထိန်းသိမ်းဆောင် ရွက်ထားရှိမှုတို့ကို ယနေ့နံနက်ပိုင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။
ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် တည်ဆောက်ရေး(၅) ညွှန်ကြားရေးမှူး၊ နေပြည်တော် (ထိန်း သိမ်းရေး) ညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများက တမံကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသကြရာ ညွှန်ကြားရေးမှူးချုပ်က ပြောင်းလဲလာသော ရာသီဥတုနှင့် အညီ ဆည်ရေအား အလေအလွင့်နည်းပါးစွာဖြင့် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုနိုင်ရန် အတွက် ဖွဲ့စည်းပြီးဖြစ်သော ရေအသုံးချသူများအဖွဲ့ (WUG)များနှင့် ပူးပေါင်းပြီး စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထက်လျှံ


