မော်လမြိုင်၊  ၂၀ ဒီဇင်ဘာ

မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ညွှန်ကြားချက်အရ မော်လမြိုင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာမှူး ဦးလှမင်းဇော်သည် ချောင်းဆုံမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်စုစုထွေးနှင့်ဝန်ထမ်းများ လိုက်ပါလျက် ယမန်နေ့ကသံလွင်မြစ်အတွင်းရှိ တင်ဒါကျားပိုက်၊ တင်ဒါသောင်ဆွဲပိုက်လုပ်ငန်းများ၊ ငါးဖမ်းလှေ များအား တရားဝင်ခွင့်ပြုချက်လိုင်စင်ဖြင့် ငါးဖမ်းဆီးဆောင်ရွက်မှုရှိ/မရှိ၊ သတ်မှတ်နေရာတွင် လုပ်ကိုင်မှုရှိ/မရှိအခြေအနေများကိုလည်းကောင်း၊ တရားဝင်ပိတ်သိမ်းထားသော တင်ဒါချက်နေရာ များကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် မော်လမြိုင်မြို့နယ်တွင်း တင်ဒါပိုက်ချက် (၄၇)ချက်၊ ချောင်းဆုံ မြို့နယ်တင်ဒါချက်(၂၁)ချက်ရောင်းချနိုင်ခဲ့သည်။ ပိတ်သိမ်းတင်ဒါချက်(၁၂)ချက်ရှိပြီး မြစ်တွင်း ငါးဖမ်းလုပ်ကိုင်သူများအနေဖြင့် ငါးပုတ်သင်၊ ငါးပုဏ္ဏားငါးများကို အဓိကဖမ်းဆီးရမိကြောင်းသိရသည်။

MDN