၂၁  ဒီဇင်ဘာ

ပြည်ထောင်စုဆိုတဲ့ ဝေါဟာရဟာ အင်မတန်မှ လှပပါတယ်။ အင်မတန်မှ တင့်တယ်ပါတယ်။ ကျွန်မတို့ ဒီဝေါဟာရကို ချစ်ခင်မြတ်နိုးတန်ဖိုးထားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်ထောင်စုဟာ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ ပြည်ထောင်စုကြီးလို့ အဓိပ္ပာယ်ဖြစ်ပါတယ်။ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ နိုင်ငံဆိုတာဟာ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ တိုင်းပြည်ကြီးတစ်ခုဆိုတာဟာ စုပေါင်းထူထောင်ထားခြင်း မရှိတဲ့ တိုင်းပြည်တွေနဲ့ မတူပါဘူး။ ကျွန်မတို့မတူကွဲပြားမှုတွေကို အင်အားဖြစ်အောင်လို့ စုစည်းပြီးမှ ပြည်ထောင်စုတစ်ခု ကို ထူထောင်နိုင်မှာဖြစ်ပါတယ်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၁၅-၁-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်နေ့ အခမ်းအနား၌ ပြောကြားသည့် နှုတ်ခွန်းဆက်စကားမှ ကောက်နုတ်ချက်)