ဂျေရုဆလင်   ၂၁  ဒီဇင်ဘာ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့သည့် ရုပ်သံကို ဒီဇင်ဘာ ၁၉ ရက်တွင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် နေတန်ယာဟုနှင့် ကျန်းမာရေးဝန်ကြီး ယူလီအက် ဒယ်လ်စတိန်းတို့သည် တယ်အာဗစ်ရှိ ရှီဘာ ဆေးဝါးဌာနတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ကြသည်။

အစ္စရေးနိုင်ငံတွင် ဝန်ကြီးချုပ် နေတန်ယာဟု သည် ကိုဗစ် -၁၉ ကာကွယ်ဆေးကို ပထမဆုံးထိုးနှံသည့် အစ္စရေးနိုင်ငံသားဖြစ်သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူလူထုအတွင်း စတင်ထိုးနှံခြင်း မပြုခင် နာရီအနည်းငယ်အလိုတွင် ဝန်ကြီးချုပ်က ဦးစွာထိုးနှံခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးသည့်နေ့သည် ထူးမြတ်သည့်နေ့ တစ်နေ့ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူတစ်ရပ်လုံး ထိုးနှံကြရန် တွန်းအားပေးသည့်အနေဖြင့် ယင်းကဲ့သို့ ရှေ့ဆုံးမှ ကာကွယ်ဆေး ထိုးနှံပြခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက်တွင် ကာကွယ် ၊ ဆေးထိုးနှံခြင်းကို ဆေးဝန်ထမ်းများ၊ သက်ကြီးပုဂ္ဂိုလ်များနှင့် ရောဂါကူးစက်နိုင် ခြေမြင့်မားသည့် ကျန်းမာရေးဆိုင်ရာ အားနည်းသူများကို စတင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ မကြာသေးမီရက်သတ္တပတ် များက အစ္စရေးနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် ထပ်မံတိုးပွားလာခဲ့ချိန်တွင် အစိုးရက ကာကွယ်ဆေး အမြောက်အမြား ထိုးနှံမည့် အစီအစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ