၂၁ ဒီဇင်ဘာ
ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တိုက်ခတ်ခဲ့သည့် အပူပိုင်း မုန်တိုင်းကြောင့် ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူရှစ်ဉီး သေဆုံးခဲ့ပြီး နှစ်ဉီး ဒဏ်ရာရရှိကာ တစ်ဦး ပျောက်ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် လူပေါင်း ၃၆၀၀၀ ကျော် မုန်တိုင်းဘေးသင့်ခဲ့ပြီး အဆောက်အဉီများ ပျက်စီးဆုံးရှုံးမှုကြောင့် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော် ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် စီမံခန့်ခွဲမှု ဌာနက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ ယခုနှစ်အတွင်း ၂၂ လုံးမြောက် အဆိုပါမုန်တိုင်းက ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာသွားပြီး တစ်နာရီလျင် လေတိုက်နှုန်း ၆၅ ကီလိုမီတာမှ ၈၀ ကီလိုမီတာဖြင့် ဆက်လက်တိုက်ခတ်လျက်ရှိသည်။
တိုင်ဖွန်းမုန်တိုင်းများနှင့် အပူပိုင်းမုန်တိုင်းများသည် ဖိလစ်ပိုင်ကို ဇွန်လမှ ဒီဇင်ဘာအထိ ပုံမှန်အားဖြင့် နေ့စဉ် အသက်ဆုံးရှုံးစေပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်က ၂၀၁၉ ခုနှစ်အတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် ဖိလစ်ပိုင်နိုင်ငံက ဒေါ်လာ ၉ ဒသမ ၆၅ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
