ဘုတ်ပြင်း၊ ၂၁ ဒီဇင်ဘာ

 

မြို့နေပြည်သူများနှင့် ခရီးသွားပြည်သူများ ရောဂါကြိုတင်ကာကွယ်ရေး အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်အသုံးပြုသည့် အလေ့အထများရှိစေရန် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ Mask Campaign  အသိပညာပေးလှုပ်ရှားမှုကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သည်။

 

မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များတွင် အဖွဲ့(၇)ဖွဲ့ဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့တွင်းသို့ လှည့်လည်ကာ Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခဲ့ပြီး Mask များ အခမဲ့ပေးဝေခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်သန့်စင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါအဖွဲ့များက လက်ကို မကြာခဏ စနစ်တကျဆေးပါ၊ အပြင်ထွက်တိုင်း Mask တပ်ပါ၊ ကျန်းမာရေးဌာနမှ ပညာပေးမှုများ လိုက်နာပါ၊ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာပါ၊ ကိုဗစ်-၁၉ အလွန်အရေးကြီး စည်းကမ်းလိုက်နာ အန္တရာယ်ကင်းမှာ၊ လူတစ်ဦးနှင့် တစ်ဦး (၆)ပေအကွာ သွားလာနေထိုင်ပါ စသည့် ဗီနိုင်းများကို ကိုင်ဆောင်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းထွန်းဦး(ပြန်/ဆက်)