၂၁ ဒီဇင်ဘာ
လန်ဒန်မြို့နှင့် အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တစ်မျိုး ပြန့်ပွားလျက် ရှိနေသည်ဟု ယူဆသောကြောင့် ဗြိတိန်အစိုးရမှ အသွားအလာ ကန့်သတ်မှု ပြုလုပ်လိုက်သည်။
တနင်္ဂနွေနေ့အတွင်း အဆိုဒေသများတွင် တင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်ခဲ့ပြီးနောက် အရေးကြီး ကိစ္စမရှိလျှင် အိမ်တွင်း နေကြရန် စည်းကမ်းများ ချမှတ်ခဲ့သည်။
မရှိမဖြစ် လိုအပ်သည့် လက်လီ အရောင်းဆိုင်များလည်း ပိတ်ထားရမည်ဖြစ်သည်။
နွေဉီးရာသီမှ စတင်ပြီး လန်ဒန်မြို့တွင် အသွားအလာ ကန့်သတ်ချက်များ ပြုလုပ်ခဲ့ရာ ယခုပိတ်ဆို့မှုက သုံးကြိမ်မြောက် ဖြစ်သည်။
ကန့်သတ်ချက်များနှင့်ပတ်သက်ပြီး လူအများ အနေဖြင့် နားလည်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီး မတ်ခ်ဟန်းကော့ခ်က ဒီဇင်ဘာလ ၂၀ ရက်တွင် ရုပ်သံ အစီအစဉ် တစ်ခုတွင် ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် တစ်မျိုးကို ထိန်းချုပ်ရန် လိုအပ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲသစ်သည် ကူးစက်မြန်သော်လည်း လူများအား ပိုမိုပြင်းထန်သည့် ကူးစက်မှုများ ဖြစ်ပေါ်စေသည်ဟူသည့် အထောက်အထားများ မတွေ့ရှိရသေးကြောင်း အစိုးရက ပြောကြားခဲ့သည်။
အခြား ဉရောပနိုင်ငံများမှလည်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှုကို ကာကွယ်ရန် ပြင်ဆင်လျက်ရှိသည်။
နယ်သာလန်နိုင်ငံ၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှ ဗြိတိန်နိုင်ငံမှ ခရီးသည်တင် လေယာဉ်များကို ပိတ်ပင်သွားရန် ပြင်ဆင်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
