ရပ်စောက်၊ ၂၁ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ငွေစုငွေချေး သမဝါယမ အသင်းသားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းမှ အသင်းသား ၁၂၂၁ ဦးအတွက် ငွေကျပ် ၁၈၅ သိန်း ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ် ဝန်ထမ်းပေါင်းစုံငွေစု ငွေချေး သမဝါယမအသင်းမှလည်း ဒုတိယအကြိမ်အဖြစ် အသင်းသား (၁၀၉၁)ဦး အတွက် စားသောက် ကုန်တန်ဖိုး ငွေကျပ် ၆၀၅၀၀၀၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
MDN


