ညောင်ဦး၊ ၂၁ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပျဉ်ချောင်းကျေးရွာရှိ ရွှေလင်းပင် ဘုန်းတော်ကြီးကျောင်းတွင် သောက်သုံးရေ အခက်ကြုံတွေ့နေသဖြင့် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက စဉ့်ကူနယ်မြေမီးသတ်စခန်းမှ ဌာနရေသယ်ယာဉ်ဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့သည်။
ထိုသို့ သောက်သုံးရေလှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တာဝန်ခံ မီးသတ်ဦးစီးမှူး တပ်ကြပ်ကြီးဇော်မင်းသိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပျဉ်ချောင်းကျေးရွာ ရွှေလင်းပင် ဘုန်းတော်ကြီးကျောင်းရှိ စေတီတော်အား ရေသပ္ပာယ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များ၊ ကျောင်းသားကျောင်းသူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး ရေဂါလန် ၁၆၀၀ အား ဖြည့်တင်းလှူဒါန်းပေးခဲ့ကြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


