မနီလာ၊ ၂၂ ဒီဇင်ဘာ
ဖိလစ်ပိုင်နိုင်ငံ၌ ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်တွင် ဖြစ်ပွားခဲ့သည့် အပူပိုင်းလေဖိအားနည်း ရပ်ဝန်းကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အရှေ့ပိုင်း ဗီဆာယက်စ်ဒေသ၊ ဒါဗာအိုဒေသ နှင့် ကာရာဂါဒေသတို့တွင် ရုတ်တရက် သဘာဝဘေး အန္တရာယ်ကျရောက်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိကြောင်း ဖိလစ်ပိုင် အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေး နှင့် စီမံခန့်ခွဲရေးကောင်စီက ပြောကြားခဲ့သည်။
အပူပိုင်းလေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုကို ဖိလစ်ပိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ဒေသခံပြည်သူ ၃၆၀၀၀ ကျော်အထိ ခံစားခဲ့ရပြီး ဖိလစ်ပိုင်ငွေ ပီဆို ၁၁ဝ ဒသမ ၄ သန်း (အမေရိကန်ဒေါ်လာ ၂၃ သန်း) တန်ဖိုးခန့် ရှိသည့် အခြေခံအဆောက်အအုံ ပျက်စီးမှု ဖြစ်ပွားခဲ့ရသည်။
အပူပိုင်းလေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာ ၂၀ ရက်တွင် ဖိလစ်ပိုင်မှ ဆုတ်ခွာသွားခဲ့ကြောင်း ဖိလစ်ပိုင် မိုးလေဝသဗျူရိုက ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းနှင့် အပူပိုင်း မုန်တိုင်းများသည် ဇွန်လမှ ဒီဇင်ဘာလတစ်လျှောက် ပုံမှန်ဖြစ်ပွားလေ့ရှိပြီး မုန်တိုင်းနောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးသူများ ရှိခဲ့ကာ ဒေါ်လာ ဘီလီယံချီ တန်ကြေးရှိသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဆင်ဟွာ