၂၂ ဒီဇင်ဘာ
အာဂျင်တီးနား ကျန်းမာရေး ဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်များတွင် ဂရုစိုက်ကြရန် တနင်္လာနေ့က ပြည်သူများအား သတိပေးပြောကြားခဲ့သည်။
ဒေသခံများ အနေဖြင့် လာမည့် အားလပ်ရက်များအတွင်း ကြိုတင်ကာကွယ်ရေးဆိုင်ရာ စီမံချက်များ ဆက်လက် လိုက်နာထိန်းသိမ်းကြရန်လည်း ကူးစက်ရောဂါနှင့် လေ့လာမှုဆိုင်ရာ အမျိုးသားညွှန်ကြားရေးဝန်ကြီးဌာန အန်နာလီရာ ရီအတ်တီ က ပြောကြားသည်။
အလုံပိတ်ထားသည့် နေရာများတွင် ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုများပြားကြောင်း၊ လူအများအပြား ရှိနေခြင်းသည်လည်း ရောဂါကူးစက်မှု များပြားကြောင်းနှင့် နှာခေါင်းစည်းများကို အသုံးမပြုပဲ လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ခြင်းကို အလေးထား မလုပ်ဆောင်ပါက ကူးစက်မှု ပိုမိုများပြားလာသည်ဟု ၎င်းက ဆိုသည်။
ပြည်သူများ အနေဖြင့် အရက်သောက်သုံးမှု လွန်ကဲခြင်းကိုလည်း ကန့်သတ်ထားသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် မတ်လ ၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ကအထိ ရောဂါကူးစက်ခံရသူပေါင်း ၁၅၄၇၁၃၈ ဦးနှင့် ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၁၉၉၇ ဦး ရှိသည်။
အာဂျင်တီးနား အစိုးရက လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရေး အစီအမံကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ တိုးမြှင့်ပြဋ္ဌာန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို