ရှမ်းရွာသစ်၊   ၂၂   ဒီဇင်ဘာ

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု မဲကတောခီးကျေးရွာအခြေခံပညာ မူလတန်းကျောင်းဝင်းတွင် ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာရေးဌာန ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၆၀ ဖြင့် အရှည် ပေ ၉၀၀ နှင့် အမြင့် ၅ ပေရှိ ကျောင်းဝင်းခြံစည်း ရိုးကာရန်ခြင်းကို တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီစေရေးနှင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)