နေပြည်တော်၊ ၂၂ ဒီဇင်ဘာ
အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ (၆၆)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဘားအံပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ အမှတ်(၂၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီးတင်ထွဋ်နှင့် ရဲအရာရှိများ တက်ရောက်ကာ သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်(၆၀)၊ မိသားစုဝင်(၉)ဦး စုစုပေါင်း(၆၉)ဦးတို့အား အားပေးစကားပြောကြား၍ အာဟာရဖြစ်စေမည့် အားဆေး၊ ကြက်ဥနှင့် အချိုရည်ဘူးတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)