မြစ်ကြီးနား၊ ၂၃ ဒီဇင်ဘာ
ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်အကြို မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အုပ်စု ဂျန်မိုင်းကောင်း နယ်မြေရှိ မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းသို့ ခရစ္စမတ်လက်ဆောင် အလှူငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက အလှူရှင်များ အဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြသည်။
မြစ်ကြီးနား မျက်မမြင်ကျောင်းသို့ ခရစ္စမတ်လက်ဆောင် အလှူငွေကျပ်(၁၀)သိန်း သွားရောက် လှူဒါန်းရာတွင် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ကချင်ပြည်နယ် တရားလွှတ်တော်မှ တရားသူကြီးများ၊ မြစ်ကြီးနားခရိုင်နှင့် မြို့နယ်တရားရုံးများမှ တာဝန်ရှိသူများ၊ မြစ်ကြီးနားမြို့နယ် ရှေ့နေအသင်းမှ တာဝန်ရှိသူများ တက်ရောက်ပြီး မြစ်ကြီးနားမျက်မမြင်ကျောင်း ကျောင်းအုပ်ကြီး ဦးလမုန်ဂမ်ဖန်ထံသို့ အလှူငွေကျပ် (၁၀)သိန်းနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)


