နောင်ချို  ၊ ၂၃ ဒီဇင်ဘာ  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အိမ်သုံးပစ္စည်းများနှင့်အမှတ်တံဆိပ်တူ ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ(၂၂)ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ကွင်းဆင်းကာ ဂက်(စ်)မီးဖို၊ ရေပူချိုးစက်၊ ညှော်စုပ်စက်၊ အကင်စက်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို၊ အခြားအိမ်သုံး ပစ္စည်းများနှင့် အမှတ်တံဆိပ်တူပစ္စည်းများသည် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လျက်ရှိသည့်အတွက် စျေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)