ထန်ပါခွေ ၊ ၂၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ ကျောက်ကယ်အုပ်စု တိုင်ငန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဒီဇင်ဘာ ၂၃ ရက်၊ နံနက် ၉ နာရီက မျိုးကောင်းမျိုးသန့် စပါးမျိုးများ ပြောင်းလဲသုံးစွဲရေး ပညာပေးဆွေးနွေးပွဲ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝေမင်းဦးက ယခင်နှစ် မိုးစပါးမျိုးသန့် မျိုးပွား မျိုးစေ့ အဆင့်မှ ထွက်ရှိလာသော မှော်ဘီ(၂)စပါးမျိုးများအား ၂၀၂၁-၂၀၂၂ မိုးစပါးရာသီတွင် မှော်ဘီ(၂)မျိုးစေ့များ ပြောင်းလဲသုံးစွဲရေး၊ ယခုနှစ်ထွက်ရှိလာသော မိုးစပါးမျိုးများအား အခြားတောင်သူများသို့ မျိုးစေ့ဖလှယ်၍ စိုက်ပျိုးကြရေးနှင့် သို့မှသာလျှင် မျိုးကောင်းမျိုးသန့်များ ကျေးရွာတစ်ခုလုံး လွှမ်းမိုးနိုင်မည်ဖြစ်ကြောင်း ပညာပေး ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါ ပညာပေးဆွေးနွေးပွဲသို့ ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးနှင့် မျိုးသန့် မျိုးပွား မျိုးစေ့ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း ေသိရသည်။
ဟန်ထွန်း(အင်းဝ)


