တီးတိန် ၊ ၂၃ ဒီဇင်ဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊လမ်းဇန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမှိုက်စွန့်ပစ် စနစ်အား ကျေးရွာအုပ်ချုပ်ရေး အဖွဲ့၊ ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များနှင့် လူငယ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်မှုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကျိန်ရှန်းနဲမ်းနှင့် တာဝန်ရှိသူတို့က ဒီဇင်ဘာ ၂၂ ရက်တွင် ကွင်းဆင်းစစ်ဆေးပြီး ကိုယ့်အားကိုယ်ကို အမှိုက် စွန့်ပစ်မှု ဆောင်ရွက်ခဲ့ကြကာ အမှိုက်ပုံးထားရှိခြင်း၊အမှိုက်ကျင်းတူးခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ ပညာပေးပိုစတာ ကပ်ထားခြင်းများဆောင်ရွက်သည်။
ထို့အတူ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် လမ်းဇန်ကျေးရွာအပါအဝင် တုန်းဇန်ကျေးရွာ၊ငါလ်းဘွာလ်းကျေး ရွာ၊တက်လွီးကျေးရွာ၊ငင်းနုံးကျေးရွာနှင့် ထာလ်မွာလ်(ဟ)ကျေးရွာများအား အမှိုက်ကင်းစင် ကျေးရွာအဖြစ် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


