မြိုင်၊    ၂၃   ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် တွင်းမ-သစ်ပလွေကုန်းကျေးရွာရှိ ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန် သီးနှံများအား ဈေးကွက်အတွင်းသို့ ရာသီမရွေးလွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရေးအတွက် ကုန်ထုတ်လမ်းဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မူလခွင့်ပြုငွေကျပ် ၃၉ ဒသမ ၅၂၃ သန်းဖြင့် မြိုင်မြို့နယ် တွင်းမ-သစ်ပလွေကုန်း ကျေးရွာတွင် အကျယ် ၁၂ ပေ၊ ထုထည် ၁ ပေရှိသည့် ကျောက်ရောမြေခင်းခြင်း၊ အကျယ် ၁၂ ပေ၊ ထုထည် ၉ လက်မရှိသည့် မြေနီကျောက်စရစ်ခင်းခြင်းနှင့် အကျယ်ပေ ၂၀၊ အရှည် ၆ လက်မရှိသည့် Box Culvert နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများပါဝင်သည့် ကုန်ထုတ်လမ်း နှစ်မိုင်ကို တင်ဒါအောင်မြင်သည့် မြစ်ခြေဂရု(ပ်)ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် ဖောက်လုပ်ပေးလျက်ရှိသည်။

 

mdn

 

လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရှိမှုရှိ/မရှိတို့ကို ပခုက္ကူခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ဦးသိန်းညွန့်ဟန်(ဦးစီးအရာရှိ-နည်းပညာ)၊ မြိုင်မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၂၂ ရက်က ကွင်းဆင်း စစ်ဆေးကြပြီး လုပ်ငန်းကာလ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးကြကြောင်း  သိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၈၂၂ အိမ်၊ လူဦးရေ ၄၄၃၈ ဦးတို့၏ စိုက်ပျိုးလယ်ယာမြေဧက(၃၀ဝ)တို့မှ ထွက်ကုန်သီးနှံများအား ဈေးကွက်အတွင်းသို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)