ကော့ကရိတ်၊ ၂၃ ဒီဇင်ဘာ
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည် ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် ကော့ကရိတ်မြို့နယ် ကျုံဒိုးချောင်းဖျား ကျေးရွာအုပ်စု အုန်းတပင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၂၀ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းသည် အရှည်ပေ ၈၇၀၊ အကျယ် ၁၂ ပေ၊ အထူ ၆ လက်မရှိပြီး စီမံကိန်းရန်ပုံငွေကျပ် (၁၃၇)သိန်းဖြင့် လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဦးရဲနိုင်ထွန်း၊ လူထုစည်းရုံးရေးမှူး ဦးစောထေးရီတို့၏ အနီးကပ်ကြီးကြပ်မှု၊ ကျေးရွာကော်မတီဝင်များ ဦးဆောင်၍ ရပ်ရွာပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀ဝ ရာခိုင်နှုန်း ပြီးစီးပါက ကျေးရွာမှ အိမ်ထောင်စု(၉၈)စု လူဦးရေ (၆၃၉)ဦးတို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအတွက် သွားလာရေးလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)


