အင်းတော် ၊ ၂၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ အလယ်ဆိပ်ကျေးရွာအုပ်စု အလယ်ဆိပ်ကျေးရွာ တောင်သူ ဦးမြင့်စိုး စိုက်ပျိုးထားသော ဟင်းသီး ဟင်းရွက် စိုက်ခင်းအား ပိုးမွှားကျရောက်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းများတွင် ဓာတုပိုးသတ်ဆေးအစား သဘာဝပိုးနှင်ဆေးနှင့် သဘာဝ ဓာတ်မြေဩဇာများကို သုံးစွဲကြရန်၊ သဘာဝပိုးနှင်ဆေးနှင့် သဘာဝပိုးသတ်ဆေး၊ သဘာဝ မြေဩဇာများသည် လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ ကုန်ကျစရိတ်သက်သာမှုရှိကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သဘာဝပိုးနှင်ဆေး ပြုလုပ်နည်းများ၊ သဘာဝဓာတ်မြေဩဇာ ပြုလုပ်နည်းများ၊ သဘာဝ ပိုးနှင်ဆေး သုံးစွဲနည်းစနစ်များကို ပညာပေးဆွေးနွေးခဲ့ပြီး စိုက်ခင်းရှိ သီးနှံစိုက်ပင်များအား အင်းတော်မြို့နယ် စိုက်ပျိုးရေးဦစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများက ဒေသခံ တောင်သူများနှင့် စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခန့်ဇော်ပိုင်


