ခင်ဦး ၊ ၂၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအတွက် ဒီဇင်ဘာလ ၂၃ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်စခန်းတွင် လက်တွေ့လေ့ကျင့်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့လက်တွေ့ လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အဆောက်အဦအတွင်းမှ ပိတ်မိနေသော လူနာများအား ရှာဖွေကယ်ဆယ်ခြင်း၊ ကယ်ဆယ်လာသော လူနာများအား ရှေးဦးသူနာပြုစုခြင်း၊ အသက်ရှူကိရိယာ(B.A set) ဝတ်ဆင်နည်းဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို လက်တွေ့လေ့ကျင့်ခဲ့သည်။
ခင်ဦးမြို့နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် လည်းကောင်း၊ မီးဘေးအန္တရာယ် ကျရောက်လာပါက အသက်ရှု ကိရိယာ(B.A set) ဝတ်ဆင်နည်းဖြင့်ဇာတ်တိုက် လေ့ကျင့်ခြင်း၊ အသက်ကယ်ကြိုချည်နည်း လေ့ကျင့်ခြင်း၊ အထပ်မြင့်တိုက်များတွင် လူကယ်ရန် ကြိုးကူးနည်းဖြင့် တို့ကို လည်းကောင်း လက်တွေ့လေ့ကျင့် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သူခ ၏ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)


