နွားထိုးကြီး ၊  ၂၃  ဒီဇင်ဘာ 

နွားထိုးကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်းပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာ  ၂၂ ရက် နံနက် ၉ နာရီက မြို့နယ် လျှပ်စစ် ဒုတိယအင်ဂျင်နီယာ ဦးစန်းလွင်ထွန်း၏ ဦးဆောင်မှုနှင့် ဝန်ထမ်းများအဖွဲ့က နွားထိုးကြီး-ဝက်လူး ဓာတ်အားပေးခွဲရုံမှ ဖီဒါဖြင့်လျှပ်စစ်ဓာတ်အားအသုံးပြုသော ၃၃ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးသွားရောက်ပြီး ကြွေသီးဟောင်းများလဲလှယ်ခြင်း၊ မလွတ်ကင်းသော သစ်ပင် သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် မြို့နယ်တွင်းရှိ ပြည်သူများအား လျှပ်စစ်ဗို့အား ပြည့်မီစွာ သုံးစွဲခွင့်ရရှိစေရေးအတွက် ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်မီး စနစ်တကျ သုံးစွဲနည်းနှင့်ပတ်သက်သော အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေ ကြောင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုတိယအင်ဂျင်နီယာ ဦးစန်းလွင်ထွန်းထံမှ  သိရသည်။

သန်းအောင်ဇော်(ပြန်/ဆက်)