ရန်ကုန်၊ ၂၃ ဒီဇင်ဘာ
ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများကို ဒီဇင်ဘာ ၂၁ ရက်ကစ၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားပင်စင်လစာများ ထုတ်ပေးမှုနှင့်ပတ်သက်၍ မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ချိုချိုမြင့် က အငြိမ်းစားပင်စင်လစာကို ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်များမှ ပင်စင်စားမိဘ ပြည်သူများအား သတ်မှတ်ရက်များအလိုက် ထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စား မိဘပြည်သူများအား ဒီဇင်ဘာ ၂၅ ရက်နောက်ပိုင်း ရုံးချိန်များအတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကြည်ဇေသော် (ပြန်/ဆက်)


