(၂၃-၁၂-၂၀၂၀ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၃၀) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Crew Change Supporting Committee Myanmar ၏ စီစဉ်မှုဖြင့် ၂၃-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲ ပေးခဲ့သည်။
၂။ အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၀၅ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာ နိုင်ငံသား (၉၆) ဦး၊ စင်ကာပူမှ (၁၆) ဦး၊ အာရပ် စော်ဘွားများပြည်ထောင်စုမှ (၃) ဦး၊ ကာတာမှ (၁၀) ဦး၊ အီဂျစ်မှ (၄) ဦး၊ အင်ဒိုနီးရှားမှ (၁) ဦး၊ စုစုပေါင်း (၁၃၀) ဦးတို့မှ စီးနင်းလိုက်ပါသွားခဲ့သည်။
၃။ အဆိုပါ ခရီးစဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
#Ministry of Foreign Affairs Myanmar


