ငရုတ်ကောင်း၊ ၂၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ထက်၊ လယ်၊ မူကျောင်း(၃၀)မှ ကျောင်းအုပ်များအား အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ C4M Mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက်၉နာရီက ငရုတ်ကောင်းမြို့(အထက)ရွှေရတုခမ်းမ၌ သင်ကြားပို့ချခဲ့သည်။
သင်တန်းတွင် ငပုတောမြို့နယ် ပညာရေးမှူးရုံးမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးဇာဏီထိုက်က သင်တန်း ပို့ချမှု ရည်ရွယ်ချက်များနှင့် Communication For Management စနစ်ဖြင့် ကျောင်းအချက်အလက်များ ဖြည့်သွင်းခြင်းအတွက် C4M Mobile Application အသုံးပြုနည်းများဖြစ်သော အခြေခံကျောင်းများနှင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး၊ သတင်းအချက်အလက်များ ချိတ်ဆက်နိုင်ရေး၊ ပညာရေးစီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရေးနှင့် သင်တန်းများဆိုင်ရာ အချက်အလက်များ ပေးပို့နိုင်ရေးအတွက် လွယ်ကူစွာ အသုံးပြုနိုင် ရေးတို့ကိုသင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းသို့ အထက်တန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းအုပ် ၃၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)


