ရှမ်းရွာသစ် ၂၄ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များ အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယ(၃)လပတ်တွင် လုပ်ငန်း (၃)ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ ဒုတိယ (၃)လပတ်အတွက် ခွင့်ပြုရန်ပုံငွေကျပ်(၂၅.၀၀)သန်းဖြင့် အလျားပေ(၆၃၀)၊ အနံ(၂)ပေ ၊အမြင့် (၄)ပေရှိ သုသာန် အဝင်ဝ ကျောက်စီရေမြောင်းအပိုင်း(၃)ပြုလုပ်ခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ်(၁၂.၄၀) သန်းဖြင့် အလျားပေ(၆၂၀)၊ အနံ(၂)ပေ၊ အမြင့်(၂)ပေရှိ သဇင်လမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် ခွင့်ပြုရန်ပုံငွေ ကျပ်(၄.၀၀)သန်းဖြင့် ပန်းခြံ Box Culvert (၂)စင်းပြုလုပ်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)


