ရှမ်းရွာသစ် ၊  ၂၄  ဒီဇင်ဘာ

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သော ဦးစောတဝါးသည် ဒီဇင်ဘာလ(၁၉)ရက် မွန်းလွဲ(၆)နာရီခွဲတွင် မဲလရောကျေးရွာအုပ်စု၊ ယောခုခီးကျေးရွာအနီးတွင် ရှိသော ရင်းဘိုင်းချောင်းဖျားသို့ ငါးရှာရန် သွားရောက်စဉ် မြေမြှုပ်မိုင်း(၁)လုံးအား နင်းမိ၍ ညာခြေကျင်းဝတ်နှင့် ဘယ်လက်တို့တွင် မိုင်းစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သော ဦးစောတဝါး(မိုင်းစထိမှန်ဒါဏ်ရာရ) ပြည်သူတစ်ဦးအတွက် လှိုင်းဘွဲမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးသော ငွေ(၅၀ဝ၀ဝ)ကျပ်နှင့် ပစ္စည်းများကို မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူတို့က မိုင်းစထိ မှန်ခဲ့သော ၎င်း၏မိသားစုဝင်အား  ယနေ့နံနက်ပိုင်းတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရသည်။

 

ဇင်လေး(ပြန်/ဆက်)