ရိခေါ်ဒါရ် ၂၄ ဒီဇင်ဘာ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်ရိပ်သာ အဆောက်အဦတစ်လုံးကို စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် (၂၄၈.၇၂၄) သန်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စည်ပင်ရိပ်သာအဆောက်အဦးကို RC (၁)ထပ်ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရဲစခန်းလမ်း၌ တင်ဒါအောင်မြင်သည့် ALPHA M.T Company Limited မှ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်သည်။
အဆိုပါ အဆောက်အဦဆောက်လုပ်မည့် မြေနေရာအား စက်ယန္တရားဖြင့် မြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေပြီဖြစ်ပြီး မြေပြုပြင် ခြင်းလုပ်ငန်းပြီးစီးပါက အဆောက်အဦ အတိုင်းအတာအား မြေနေရာအနေအထားအပေါ် အခြေခံကာ ပြန်လည်ရေးဆွဲထားသော Estimate and Design နှင့်အတူ သက်ဆိုင်ရာသို့တင်ပြပြီး အတည်ပြုချက်ရယူကာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)


