နောင်ချို ၊ ဒီဇင်ဘာ ၂၄ ရက်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် စားသောက်ဆိုင်များနှင့်လ္ဖက်ရည်ဆိုင်များ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့်အချက် များ စစ်ဆေးခြင်းပုံစံ Version2.0 နှင့်အညီ ဆောင်ရွက်ထားရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များ ပြန်လည်ဖွင့်လှစ်ရေး ချပြရှင်းလင်းခြင်းကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ(၃) နာရီက နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ရှင်းလင်းရာတွင် နောင်ချိုမြို့နယ်၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်က ယခင်(A)အဆင့် သတ်မှတ်နိုင်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၃၅)ဆိုင် ပေးပို့ထားခဲ့သော်လည်း ယခုမြေပြင်ကွင်းဆင်း စစ်ဆေးချက်အရ Version2.0 ညွှန်ကြားချက်နှင့် ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၁၀)ဆိုင်သာ တွေ့ရှိရကြောင်း၊ ကျန်ရှိနေသော (၂၅)ဆိုင်သည်လည်း သတ်မှတ်ချက်များနှင့်ကိုက်ညီအောင်ဆောင်ရွက်ပြီးပါက ကွင်းဆင်း စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးကို စိစစ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ရှင်းလင်းပွဲသို့ နောင်ချိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် (၃၅)ဆိုင် မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထွေးငယ်(နောင်ချို-ပြန်ဆက်)