ရွှေသောင်ယံ၊ ၂၄ ဒီဇင်ဘာ
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နှင့် ကမ်းခြေရွာများမှာ ယခုမျှင်ရာသီချိန်များတွင် မျှင်ကျော့ပိုက်ဖောင်များနဲ့ ပင်လယ်ပြင်မှာ မျှင်အုပ်များ ရှာဖွေလုပ်ကိုင်ကြပြီး မျှင်များအပြင် အခြားငါးများလည်း ရရှိနေတာကြောင့် ပိုင်ရှင်များနှင့် ရေလုပ်သားများ တွက်ခြေကိုက် ဝင်ငွေကောင်းနေသည်။
ရွှေသောင်ယံမြို့၊ ဘော့မိကျေးရွာအုပ်စုတွင် အိမ်ခြေ ၂၀ ကျော်ခန့်သာရှိသည့် မီးလင်းဂျိုင် ကျေးရွာမှာလည်း ကျော့ပိုက်လုပ်ငန်းဖြင့် စီးပွားရှာဖွေသူများရှိနေပြီး အဆိုပါကျေးရွာတွင် ကျော့ပိုက် နှစ်ဖောင်ခန့် ရှိသည်။ ကျေးရွာနေ ဦးထိန်ဝင်း၏ ကျော့ပိုက်တွင် ယမန်နေ့က ဒေသအခေါ် ငါးသပိတ် အချိန် ၁၆၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။
ငါးသလောက်နှင့်ဆင်တူသည့် ငါးသပိတ်ငါးများကို ယခုအခါ တစ်ပိဿာ ၃၀၀ ဈေးသာ ရောင်းချရကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)


