လှိုင်းဘွဲ ၊ ၂၄ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် တခွက်ဖိုးကျေးရွာရှိ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက စတင်အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး နန်းဇီဇဝါပွင့်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ တာဝန်ရှိသူများက ရပ်ရွာပြည်သူလူထု ပူးပေါင်း ပါဝင်မှုများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက တခွက်ဖိုးကျေးရွာမှ အိမ်ထောင်စု (၆၄၃)စု လူဦးရေ (၃၈၄၅)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွားလာရေးတို့တွင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းသည် လမ်းအရှည်ပေ ၂၇၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိမည်ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီ လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် ၄၁,၇၀ဝ,ဝ၀ဝ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


