ကြာအင်းဆိပ်ကြီး၊  ၂၄   ဒီဇင်ဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု နှင့် ဓာတ်အားပျောက်ဆုံးမှု နည်းပါးစေရေးအတွက် ပင်မဓာတ်အားခွဲရုံမှ ကြာအင်းဆိပ်ကြီးမြို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော (၆၆)ကေဗွီ မြဝတီမြို့မှ ကြာအင်းဆိပ်ကြီးမြို့ ဓာတ်အား လိုင်း တစ်လျှောက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သောကြောင့် ဒီဇင်ဘာ ၂၉ ရက် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ လျှပ်စစ်ဓာတ်အားကို ခေတ္တပိတ်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ကြာအင်းဆိပ်ကြီးမြို့ရှိ ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ပေးလွှတ်ထားသော မြို့ပေါ် (၆)ရပ်ကွက်နှင့် ဓာတ်အားလိုင်းတစ်လျှောက်ရှိ ကျေးရွာ များ၌ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ကြာအင်းဆိပ်ကြီးမြို့နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်ဓာတ်အားများ ရရှိစေရေး အတွက် ဒီဇင်ဘာ ၂၃ ရက်မှစတင်ကာ ကြာအင်းဆိပ်ကြီးမြို့လျှပ်ဓာတ်အားခွဲရုံမှ ဒါလီကျေးရွာအထိ 11 KV ဓာတ်အားလိုင်းကို လျှပ်စစ်ဓာတ်အားပေးလွှတ်ထားမည်ဖြစ်သောကြောင့် ဓာတ်အားလိုင်းအနီးတွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုလုပ်ကြပါရန် နှိုးဆော်ထားကြောင်း မြို့နယ်လျှပ်အင်ဂျင်နီယာရုံးမှ သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)