ပခုက္ကူ၊   ၂၄   ဒီဇင်ဘာ

ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ပခုက္ကူမြို့ အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်သည်။

ငလျင်ဘေးအန္တရာယ် ကြုံတွေ့ပါက ကူညီကယ်ဆယ်ရေးယာဉ်များ ထွက်ခွာမှု၊ အဆောက်အအုံအတွက် ပိတ်မိနေသည့်သူများ ကူညီကယ်ဆယ်နေမှု၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းမှုနှင့် ဒဏ်ရာ ရသူများအား ကူညီကယ်ဆယ်ဆောင်ရွက်မှုတို့ကို သရုပ်ပြလေ့ကျင့်ကြသည်။

ထိုသို့ သရုပ်ပြလေ့ကျင့်ရာတွင် ပခုက္ကူမြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ကိုဇော်(ပြန်/ဆက်)