ဖရူဆို ၂၄ ဒီဇင်ဘာ
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားကွင်း၌ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးသိန်းသန်းဦး နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မြေငလျင်ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ အား ရှေးဦးသူနာပြုစုနည်းစနစ်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်လူမှုကူညီရေး အသင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)


