နေပြည်တော် ၂၄ ဒီဇင်ဘာ
သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ် (၃)ကို ဒီဇင်ဘာ (၂၅)ရက် ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်(၃)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို သရုပ်ဆောင် ကျော်ထက်အောင်နှင့် သရုပ်ဆောင် ပိုင်ဖြိုးသုတို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင် ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဒီဇင်ဘာ ၂၅ ရက် နှင့် ဒီဇင်ဘာ (၂၆၊ ၂၇)ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ (၆)နာရီ သတင်းအပြီးနှင့် MRTV Facebook Page တို့၌ ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


