လင်းခေး၊  ၂၄  ဒီဇင်ဘာ

လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်သက်ဆုရည်ဝင်းနှင့် ဝန်ထမ်းများသည် လင်းခေးမြို့နယ်အတွင်းရှိ ငါးမွေးကန်များနှင့် မိုးနဲမြို့နယ်အတွင်းရှိ ငါးမွေးကန်များသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး ငါးကန်များ အခြေအနေနှင့် လက်ရှိငါးမွေးမြူခြင်း ရှိ/မရှိများကို မြေပြင်ဧရိယာနှင့် ကိုက်ညီမှုရှိ/မရှိ စာရင်း ကောက်ယူခဲ့သည်။

ဟိုမိန်းမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲရှိ ငါးမွေးမြူသူစာရင်းများအား သက်ဆိုင်ရာမြို့နယ်ခွဲရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့အား ပံ့ပိုးကူညီပေးနိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။ 

MDN